
1 ရာသီ
12 အပိုင်း
유니콘
ယူနီကွန်း
အားလုံးအတွက်…Start-Up လုပ်ငန်းအကြောင်း၊ Management အကြောင်းတွေကို ဟာသလေးတွေနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ~ ကိုရီးယားနိုင်ငံ Start-up ကုမ္ပဏီတွေနဲ့ပတ်သက်တဲ့ ရုန်းကန်မှုတွေကို သရုပ်ဖော်ထားတဲ့ကားလေးပါ။ Start-Up လုပ်ငန်းတွေကြုံတွေ့နေကျပြဿနာကို McCom လို့ခေါ်တဲ့ Fictional Company တစ်ခုမှဝန်ထမ်းတွေလည်း ကြုံတွေ့နေရပါတယ်။ Steve ကတော့ McComb နောက်ကွယ်ကစီစဉ်ညွှန်ကြား သူဖြစ်ပြီး အလွန်စိတ်အားထက်သန်ပြီးတော့ တယူသန်သူတစ်ယောက်ပါ။ Ashleyကတော့ဆန်းသစ်တီထွင်မှုအဖွဲ့ ဝင်တစ်ယောက်ဖြစ်ပြီး Steve ရဲ့အတော်ဆုံးဝန်ထမ်းထဲကတစ်ယောက်ပါ။ အတွေးအခေါ်ပေါင်းစုံနဲ့ခံယူချက်ချင်း မတူတဲ့ McComb အဖွဲ့ဝင်တွေကလုပ်ငန်းတစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ? Start-upလုပ်ငန်းတွေရဲ့ ဖရိုဖရဲဂယက်ကိုရော ကျော်ဖြတ်နိုင်လိမ့်မလား? ဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရမယ့်ကားလေးမို့လက်မလွှတ်လိုက်သင့်ဘူးနော်။