
अब तुम्हारे हवाले वतन साथियो
ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီးစစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီးပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံကိုစောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာသားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကို ဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။
- နှစ်: 2004
- နိုင်ငံ: India
- အမျိုးအစား: War, Drama, Action
- စတူဒီယို: Movie World
- သော့ချက်စာလုံး:
- ဒါရိုက်တာ: Anil Sharma
- သွန်း: Amitabh Bachchan, अक्षय कुमार, Bobby Deol, Divya Khosla Kumar, Sandali Sinha, Nagma