
기기괴괴 성형수
ရယ်ဂျီဟာ ငယ်စဉ်ကတည်းက မလှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့် အနှိမ်ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ မိတ်ကပ်ဆရာမတစ် ယောက်အနေနဲ့ အလုပ်လုပ်နေပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အလုပ်မှာရော လူမှုဘဝမှာပါ အဆင်မပြေဘဲ လောကကြီးကို အမြဲမကောင်းမြင်နေတတ် တာပါ။ တနေ့မှာတော့ ရယ်ဂျီဟာ မထင်မှတ်ဘဲ scam mail တစ်ခုကို မှားနှိပ််မိပြီး အလှရည်တစ်ပုလင်း သူ့ဆီကို ပါဆယ်ရောက်လာပါတော့တယ်။ အဲဒီအလှ ရည်နဲ့ပြုပြင်လိုက်ရုံနဲ့ သူမတူအောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားတဲ့အခါ ရယ်ဂျီဟာ ဒီအလှရည်နဲ့ သူ ငယ်ငယ်ကတည်းက မက်မောခဲ့ရ တဲ့ခေါင်းအစခြေအဆုံး လှပလွန်းတဲ့ရုပ်ရည်ကို မရအရယူဖို့အတွက် ကြိုးစားခဲ့တဲ့အခါမှာတော့ ရယ်ဂျီဟာ လှဖို့အတွက်ဆို ဘာမဆိုလုပ်ရဲလာပါ တော့တယ်ဒီလို နဲ့ ကိုရီးယားနဲ့အလှအပနဲ့ပက်သက်တဲ့ စံနှုန်းတွေ သတ်မှတ်ချက်တွေနဲ့ ဖိနှိပ်ခံစားခဲ့ ရတဲ့ လူတစ်ယောက်၊ ရယ်ဂျီပေးဆပ်ရမယ့် အလှတရားရဲ့ တန်ကြေးနဲ့၊ ဒီလို ထူးဆန်းလွန်းတဲ့ အလှရည်ရဲ့နောက်ကွယ်က လျို့ဝှက်ချက်ကရော ဘာဖြစ်မလဲ။ ရယ်ဂျီကရော ဒီအလှရည်ကိုအသုံးချပြီး ရလာတဲ့ရုပ်ရည်နဲ့အောင်မြင်မှုတွေကို ဘယ်လိုဆက်ထိန်းသိမ်းမလဲ။
- နှစ်: 2020
- နိုင်ငံ: South Korea
- အမျိုးအစား: Animation, Drama, Horror
- စတူဒီယို: SSAnimnet Inc., Studio Animal
- သော့ချက်စာလုံး: psychology, based on comic, distortion, vanity, body horror, based on webcomic or webtoon
- ဒါရိုက်တာ: Cho Kyung-hun
- သွန်း: Moon Nam-sook, Jang Min-hyeok, 조현정, Kim Bo-yeong, Choi Seung-hoon, Kim So-hyeong