
1 ရာသီ
8 အပိုင်း
คลื่นความถี่ต่ำ
MON ဆိုတဲ့ကောင်လေးကတော့ ငယ်စဥ်ကတည်းက တကယ်ရှိနေပေမဲ့ သူများတွေမမြင်နိုင်တဲ့ ဝိဉာဥ်ဆိုတဲ့အရာကိုမြင်နေရသူတစ်ဦးဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးမမြင်နိုင်တဲ့အရာတွေမြင်နေရတာကြောင့် တခါတလေလူလား၊ဝိဉာဥ်လား ဝေခွဲမရဖြစ်တတ်တဲ့အတွက် MON တစ်ယောက်လူတွေနဲ့ရော ဝိဉာဥ်တွေနဲ့ပါ ခပ်ခွာခွာနေဖို့ဖြစ်လာပါတော့တယ်။တစ်နေ့မှာ THAMES လိုခေါ်တဲ့နာမည်ကြီးသရုပ်ဆောင်မင်းသားဟာ ကားမတော်တဆဖြစ်ပြီး ဆေးရုံတက်ရကာမေ့မြောနေသူဖြစ်ပါတယ်။ THAMES ရဲ ဝိဉာဥ်က MON နဲ့တွေ့ဆုံသွားတဲ့အခါမှာ THAMES ရဲ့ဝိဉာဥ်ကတော့ MON ရဲ့အိမ်မှာနေဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ဒီလိုနဲ့ပဲTHAMES ရဲ့ဝိဉာဥ်က MON ကိုစိတ်ညစ်စရာတွေပဲပေးမလား ပျော်ရွှင်မှုတွေရော သယ်ဆောင်လာပေးမလား။ ဆေးရုံမှာမေ့မြောနေတဲ့ THAMES ကရောသတိပြန်ရလာမှာလား တကယ်လို့သတိပြန်ရခဲ့ရင်ရော MON ကိုမှတ်မိနေမလားဆိုတာကိုတော့ JULY လမှာထုတ်လွင့်ပြသသွားမှာမို့ စောင့်မျှော်ကြည်ရှု့နိုင်ပါတယ်။ #victor_khai
- နှစ်: 2023
- နိုင်ငံ:
- အမျိုးအစား: Drama
- စတူဒီယို: YouTube, Amarin TV, iQIYI International
- သော့ချက်စာလုံး: supernatural, boys' love (bl)
- ဒါရိုက်တာ:
- သွန်း: Guitar Sarin Tangcharoenpaisan, Guntapat Kasemsan Na Ayudhya, Chantharat Nittayasoonthronwit